“တဲထဲကိုဝင်ဖို့ကြိုးစားနေတဲ့ ကုလားအုတ်ခြေလှမ်း”
Full Credit to: Wise Guy မူရင်း စာရေးသူမှာ Wise Guy ဖြစ်ကြောင်း အသိပေး မှတ်တမ်းတင်၊ Full Credit ပေး၍ အများအတွက်အကျိုးဖြစ်ထွန်းမည်ဟု ယူဆပါသဖြင့် ကူးယူဖေါ်ပြအပ်ပါသည်။ Safe Zone သတ်မှတ်ဖို့ဆိုတာ တဲထဲကို ကုလားအုတ်ခေါင်းစ၀င်ဖို့ ကြိုးစားတာပါ … ။ ဒါဟာ UN ကချမှတ်ထားတဲ့ Responsibility to Protect (R2P or RtoP) ရဲ့ပထမခြေလှမ်းပါ … ။ 2005 World Summit မှာ UN အဖွဲ့ဝင်နိုင်ငံတိုင်းသဘောတူလက်ခံခဲ့တာဖြစ်ပါတယ် … ။ Genocide, War Crimes, Ethnic Cleansing and Crimes against humanity တခုခုနဲ့ ပတ်သက်လာရင် UN ရဲ့ Peacekeeping Force တွေ ၀င်လာတော့မှာပါ … ။ အဲဒီအကြောင်းပြချက်နဲ့ UN က ကျနော်တို့နိုင်ငံရဲ့ ဧရိယာတချို့တ၀က်ကို ထိန်းသိမ်းပါလိမ့်မယ် … ။ အဲဒီ Zone ထဲကို ကိုယ့်စစ်တပ်လဲ ၀င်လို့မရဘူး … ။ လေယာဉ်လဲဖြတ်ပျံလို့တောင်မရပါဘူး … ။ ကိုယ့်ရဲ့အချုပ်အချာအာဏာကို UN ဆိုတဲ့ Weight နဲ့သိမ်းပိုက်ခြင်းတမျိုးပါပဲ … ။ US ကသူ့သြဇာမနာခံတဲ့အတွက် UN ကိုထောက်ပံ့ငွေတွေအကြီးအကျယ်ဖြတ်တောက်ပါတယ် … ။ ဒုတိယကမ္ဘာစစ်ပြီးလို့ UN ဆိုစဖွဲ့ကတည်းက US ကဆရာကြီးပါ … ။ သူအများဆုံး ရန်ပုံငွေထည့်ဝင်ထားတာပါ … ။ US ကရံပုံငွေဖြတ်...