Standford တကၠသုိလ္ ဘယ္ကစသလဲ (အလြန္ အံၾသစရာ သမုိင္းေၾကာင္း)




Standford တကၠသုိလ္ ဘယ္ကစသလဲ (အလြန္ အံၾသစရာ သမုိင္းေၾကာင္း)

လင္မယားႏွစ္ေယာက္ ဟာ Harvard တကၠသိုလ္ ဥကၠဌ နဲ႔ ေတြ႔ဖုိ႔ အတြက္ တကၠသိုလ္ရုံးခန္းသုိ႔ ေရာက္လာခဲ့ပါတယ္။ အတြင္းေရးမွဴး မွ သူတုိ႔ႏွစ္ေယာက္ ကို ၾကည့္ျပီး အသြင္အျပင္က သားနားမူမရွိ၊ ေတာအ၀တ္အစား ပံုစံဆုိျပီး ဂရုမစုိက္ဘဲ ဥကၠဌကို ေတြ႔ခ်င္ရင္ ေစာင့္ရမယ္ သြားထုိင္ေစာင့္ဆုိျပီး ျပတ္ျပတ္ေျပာ ျပီး သူ႔ အလုပ္သူဆက္လုပ္ေနတယ္။


၁ နာရီေလာက္ၾကာေတာ့ အတြင္းေရးမွဴးလည္း ဥကၠဌကို မေခၚေပး ငါမေခၚေပးရင္ သူတုိ႔ မေစာင့္ႏုိင္ဘဲ ျပန္သြားလိမ့္မယ္လုိ႔ ေတြးျပီး သူ႔အလုပ္သူဆက္လုပ္ေနတယ္။ ၀တ္စားေကာင္းစားနဲ႔လာတဲ့ ဧည့္သည္ၾကေတာ့ သူက ျပံဳးရႊင္စြာနဲ႔ ၾကိဳဆုိျပီး ဥကၠဌ ရုံးခန္းထဲကို လုိက္ပုိ႔တယ္။

လင္လုပ္သူက သတင္းစာတခုျပီး တခု ေအးေဆးစြာ ထုိင္ဖတ္တယ္။ မယား လုပ္သူက ျပံဳးျပံဳးေလးနဲ႔ အတြင္းေရးမွဴး မေလးကို မၾကာမၾကာ ျပံဳးျပံဳး ျပတယ္။ ေနာက္ေတာ့ အတြင္းေရးမွဴးမွ သည္းမခံႏုိင္ တဲ့ ပံုစံျဖစ္ျပီး ဥကၠဌကို ၀င္ေျပာေတာ့ ဥကၠဌက ၀င္လာဖုိ႔ ေျပာေတာ့မွ လင္မယား ႏွစ္ေယာက္ လည္း ရုံးခန္းထဲကို ၀င္သြားတယ္။

ဥကၠဌ ရုံးခန္းထဲေရာက္ေတာ့ ဥကၠဌမွ မ်က္ႏွာေၾကာတင္းတင္းနဲ႔ ဘာကိစၥလဲ လုိ႔ ေမးတယ္။ အဲေတာ့ မယားလုပ္သူမွ

ဒီလုိပါ က်မတုိ႔မွာ သားတစ္ေယာက္ ရွိပါတယ္ သူ ဒီ တကၠသုိလ္ကို တစ္ႏွစ္ပဲ တက္လုိက္ရျပီး ရုတ္တရုက္ ကြယ္လြန္သြားပါတယ္၊ အဲတာေၾကာင့္ က်မတုိ႔ လင္မယားက ေနျပီး သားအတြက္ ေဟာဒီ တကၠသုိလ္၀င္းထဲမွာ အမွတ္တရ တခုခု လုပ္ခ်င္လုိ႔ပါ

အဲမွာ ေက်ာင္းဥကၠဌက မွ မေက်နပ္တဲ့ေလသံျဖင့္ က်ေနာ္တုိ႔ ေက်ာင္းမွာ တက္ခဲ့တယ္ဆုိရုံနဲ႔ က်ေနာ္တုိ႔ ရုပ္တု မထားေပးႏုိင္ပါဘူး၊ ဆုိျပီး ျပတ္ျပတ္ ေျပာတယ္။ အဲမွာ မယားလုပ္သူက
အုိး မဟုတ္ပါဘူး ရုပ္တု ထားဖုိ႔ မဟုတ္ပါဘူး ေက်ာင္းတစ္ေက်ာင္း ေဆာက္ေပးမလုိ႔ပါ။ လုိ႔ ျပန္ေျပာတယ္။

အဲေတာ့ ဥကၠဌမွ မ်က္လံုးၾကီး ျပဴးျပီး ေတာ့ သူတုိ႔ အ၀တ္အစားကို ၾကည့္ျပီး ေနာက္ ခင္ဗ်ားတုိ႔သိလား ေက်ာင္းေဆာင္တစ္ေဆာင္ ေဆာက္ဖုိ႔ဆုိတာ ေဒၚလာ သန္းခ်ီ ကုန္တယ္ကြယ့္ ၊သိေကာသိၾကလား ဆုိျပီး အထင္ေသးတဲ့ ေလသံ နဲ႔ ျပန္ေမးတယ္။

အဲမွာ မယားက လင္လုပ္သူကို တုိးတုိးေလး ေျပာတယ္ ေဒၚလာ သန္းေက်ာ္ပဲ ကုန္တယ္တဲ့ ဒါဆုိ ကုိယ့္ တကၠသုိလ္ပဲ ကုိယ္ေဆာက္ရေအာင္ လုိ႔ ေျပာျပီး ျပန္သြားၾကေလ၏။ ေက်ာင္း ဥကၠဌ လည္း ငါေတာ့ ဒီေန႔ အရူး ေတြနဲ႔ ေတြ႔ေနရတယ္ဆုိျပီး ျမည္တြန္ေနတယ္တဲ့။

ေတာ အ၀တ္အစား ပံုစံနဲ႔ လင္မယားကို အထင္ေသးလိုက္မိတဲ့ တကၠသိုလ္ဥကၠဌရဲ႕ ႀကီးမွားတဲ့ ေနာင္တ

ေနာက္တေန႔မွာ သတင္းစာမွာ ဘီလံနာသူေဌးလင္မယား Mr and Mrs Leland Standford မွေနျပီး Standford တကၠသုိလ္ ေဆာက္မယ္လုိ႔ ေၾကဌာ ေတြ႔ေတာ့မွ မေန႔က သူနဲ႔ လာေတြ႔သြားတဲ့သူႏွစ္ေယာက္ဟာ ဘီလံနာသေဌးလင္မယားမွန္း သိေတာ့မွ သူ႔၀မ္းနည္းသြားခဲ့ရတယ္တဲ့။ Standford တကၠသုိလ္ကို ၁၈၉၁ မွာ စတင္ ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၃၀ အထိ အခမဲ့ ျဖစ္ျပီး အဲ့ ေနာက္ပိုင္းမွ တကၠသိုလ္၀င္ေၾကးေတြ၊ tuition fees ေတြ ျပန္လည္ေကာက္ယူပါတယ္။

စာအုပ္ရဲ႔ မ်က္ႏွာဖံုးကုိ ၾကည့္ရုံနဲ႔ စာအုပ္တန္ဖုိးကို မဆံုးျဖတ္ႏုိင္သလုိ လူတစ္ဦးရဲ႔ အသြင္အျပင္ကို ၾကည့္ျပီး ထုိလူရဲ႔ တန္ဖုိး ထုိလူရဲ႔ ၾကြယ္၀ ခ်မ္းသာမူကုိ မဆံုးျဖတ္ႏုိင္ပါဘူး။ အထင္ေသးျခင္း ကင္းရွင္းၾကပါေစ။

Credit – Apannpyay
Photo Credit: Stanford University – Wikipedia

Unicode

လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအဝတ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ၀တ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။

လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြံုးပြံုးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြံုးပြံုး ပြတယ်။ နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ

ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ

အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက
အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ လို့ ပြန်ပြောတယ်။

အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အဝတ်အစားကို ကြည့်ပြီး နောက် ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။

တော အဝတ်အစား ပုံစံနဲ့ လင်မယားကို အထင်သေးလိုက်မိတဲ့ တက္ကသိုလ်ဥက္ကဌရဲ့ ကြီးမှားတဲ့ နောင်တ

နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။

စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ။

Full Credit to: Apannpyay

Photo Credit: Stanford University – Wikipedia

Comments

Popular posts from this blog

“တဲထဲကုိဝင္ဖုိ့ၾကိဳးစားေနတဲ့ ကုလားအုတ္ေျခလွမ္း”