“တဲထဲကိုဝင်ဖို့ကြိုးစားနေတဲ့ ကုလားအုတ်ခြေလှမ်း”



Full Credit to: Wise Guy
မူရင်း စာရေးသူမှာ Wise Guy ဖြစ်ကြောင်း အသိပေး မှတ်တမ်းတင်၊ Full Credit ပေး၍ အများအတွက်အကျိုးဖြစ်ထွန်းမည်ဟု ယူဆပါသဖြင့် ကူးယူဖေါ်ပြအပ်ပါသည်။

Safe Zone သတ်မှတ်ဖို့ဆိုတာ တဲထဲကို ကုလားအုတ်ခေါင်းစ၀င်ဖို့ ကြိုးစားတာပါ ။ ဒါဟာ UN ကချမှတ်ထားတဲ့ Responsibility to Protect (R2P or RtoP) ရဲ့ပထမခြေလှမ်းပါ 2005 World Summit မှာ UN အဖွဲ့ဝင်နိုင်ငံတိုင်းသဘောတူလက်ခံခဲ့တာဖြစ်ပါတယ် Genocide, War Crimes, Ethnic Cleansing and Crimes against humanity တခုခုနဲ့ ပတ်သက်လာရင် UN ရဲ့ Peacekeeping Force တွေ ၀င်လာတော့မှာပါ

အဲဒီအ​ကြောင်းပြချက်​နဲ့ UN က ကျနော်တို့နိုင်ငံရဲ့ ဧရိယာတချို့တ၀က်ကို ထိန်းသိမ်းပါလိမ့်မယ် ။ အဲဒီ Zone ထဲကို ကိုယ့်စစ်တပ်လဲ ၀င်လို့မရဘူး ။ လေယာဉ်လဲဖြတ်ပျံလို့တောင်မရပါဘူး ။ ကိုယ့်ရဲ့အချုပ်အချာအာဏာကို UN ဆိုတဲ့ Weight နဲ့သိမ်းပိုက်ခြင်းတမျိုးပါပဲ

US ကသူ့သြဇာမနာခံတဲ့အတွက် UN ကိုထောက်ပံ့ငွေတွေအကြီးအကျယ်ဖြတ်တောက်ပါတယ် ။ ဒုတိယကမ္ဘာစစ်ပြီးလို့ UN ဆိုစဖွဲ့ကတည်းက US ကဆရာကြီးပါ ။ သူအများဆုံး ရန်ပုံငွေထည့်ဝင်ထားတာပါ US ကရံပုံငွေဖြတ်လိုက်တဲ့အခါ ငွေကြေးချမ်းသာတဲ့ အစ္စလာမ်မစ်နိုင်ငံတွေက UN ကိုဝိုင်းဝန်းထောက်ပံ့ရင်း UN ဟာ OIC အလိုကျ ကြိုးဆွဲရာ ကရတဲ့ဘ၀ရောက်ခဲ့ရပါတော့တယ် ။ ငွေကြေးနဲ့ သြဇာအာဏာ တည်ဆောက်တာဟာ လူ့လောကမှာ အင်မတန်ရိုးစင်းတဲ့အဖြစ်အပျက်ပါ

အဲဒီလို R2P အကြောင်းပြပြီး နိုင်ငံတော်တော်များများရဲ့ အရေးကိစ္စတွေကို UN မျက်နှာဖုံးတပ်ဝင်လို့ ချယ်လှယ်ကြပါတယ် ။ တချို့ဖြစ်ရပ်တွေက တကယ်ဝင်ဖို့လိုအပ်သလို တချို့ကိစ္စတွေက သက်သက်မဲ့ အနိုင်ကျင့်စွတ်ဖက်တာပါ

ဥပမာပြရရင် ယူဂိုစလားဗီးယားပြည်ထောင်စုထဲက ဆာဗီးယားဟာ အယ်ဘေးနီးယားနဲ့ နယ်ချင်းထိစပ်နေပါတယ် ။ တကယ်တော့ ဆာဗီးယားထဲက ကိုဆိုဗိုဟာ ဆာဗီးယားခရစ်ယာန်တွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ လောက်ကတည်းက နေထိုင်ခဲ့ကြတာပါ ။ ဒါပေမယ့် အယ်ဘေးနီးယားနိုင်ငံက အစ္စလာမ်တွေ နှစ်ပေါင်းများစွာ တဖြည်းဖြည်းစိမ့်ဝင်လာပြီး ပုန်ကန်ထကြွတဲ့အချိန်မှာ သူတို့က လူများစုဖြစ်နေပါပြီ ။ နှစ်ပေါင်းများစွာရှိနေတဲ့ ခရစ်ယာန်နဲ့အစ္စလာမ်ပဋိပက္ခအပေါ်အခြေပြုပြီး ၁၉၉၉ မှာ ကိုဆိုဗိုစစ်ပွဲဖြစ်ပါတော့တယ်

ပြည်မအစိုးရက ကိုဆိုဗိုဒေသကို တပ်တွေလွှတ်ပြီး နှိပ်နင်းတဲ့အခါ ထုံးစံအတိုင်း Genocide ဆိုကျယ်ကျယ်လောင်လောင် အော်လာကြပါတယ် ။ နောက်ဆုံးတော့ UN လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ အရ ကိုဆိုဗိုဒေသ အုပ်ချုပ်ရေးကို ၁၉၉၉ ခုနှစ်မှာပဲ UN လက်ထဲလွှဲပေးလိုက်ရပါတော့တယ်

ပထမတော့ ကိုဆိုဗိုသမ္မတနိုင်ငံဆိုပြီး ၂၀၀၈ခုနှစ်မှာ ပေါ်ထွက်လာတော့ အသိအမှတ်ပြုတဲ့နိုင်ငံ တော်တော်များများရှိခဲ့ပါတယ် ။ အထူးသဖြင့် အစ္စလာမ်မစ်နိုင်ငံတွေပါပဲ ။ ဒါပေမယ့် မြောက်ကိုဆိုဗိုကတော့ ဆာဗီးယားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပါ ။ နောက်ဆုံးမှာတော့ UN ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆာဗီးယားဟာ ကိုဆိုဗိုဒေသတခုလုံးကို လက်လွှတ်လိုက်ရပါတော့တယ်

အခုလဲ ပထမခြေလှမ်းအစလို့ သဘောပေါက်ကြပါ Safe Zone ဖြစ်သွားပြီးရင် ကျနော်တို့အစိုးရက ဘာမှဝင်ပြီးကိုင်တွယ်ဆောင်ရွက်လို့ မရနိုင်တော့ပါ ။ အဲဒီမှာ UN, OIC, NGO & INGO တွေ ခြေချင်းလိမ်ပြီး နောက်ဆုံးမှာ တိုင်းပြည်အဖဲ့ခံရပါလိမ့်မယ်ဆိုတာ သတိချပ်ကြစေလိုပါတယ်
အားလုံးကိုလေးစားစွာဖြင့်
Wise Guy
Reference Link: https://www.facebook.com/winwin.swe.376?hc_ref=ARTm1oabjVfLwrmKoH3ySjYCJsKpJ12Jpr5OW-KXi4mqTNc8QxXYr2Es4UtkXrmWk5I&fref=nf

Photo: Face2Face Africa

Comments

Popular posts from this blog

Standford တက္ကသိုလ် ဘယ်ကစသလဲ (အလွန် အံသြစရာ သမိုင်းကြောင်း)